Sunday 24 July 2011

ဤလိုအာဇာနည်မျိုး ရှာမှရှားမည်

   “ယခုအစည်းအဝေးသို့ လာကြကုန်သော ကျွန်ုပ်တို့အားလုံး ကိုယ်စီကိုယ်ငှစိတ်တွင် ယူကျုံးမရ ပူဆွေးနေကြသော ကိစ္စတခုမှာ မြန်မာပြည်အတွင်း မမိကာယသုခကို မငဲ့ကွက်မူ၍ ထောင်တွင်းသွင်း၍ အကျဉ်းထားခံနေရရှာသော ကျွန်ုပ်တို့ကိုယ်းကွယ်ရာ ဆရာတော်ဦးဥတ္တမအမူပေးတည်း။ 

အမျိုးသားတို့အကျိုးငှာ မိမိကိုယ်တိုင် ဖြောင့်သည်၊ တရားသည်ဟု ထင်မြင်သဘောရသော တောင့်တချက်များကို ရရာရကြောင်းကောင်းစွာ အားထုပ်ဆောင်ရွက်သောအခါသာမညကာယိကဒုက္ခကို မဆိုထားဘိအုံး၊ာ မိမိအသက်ကိုပင် ငဲ့ကွခြင်းမရှိဘဲ ရွတ်ရွတ်ချွန်ချွန်စွန့်စွားနိုင်သော အာဇာနည်မျိုးကို စင်စစ်ဧကန်အမှန်ပင် တွေ့ကြုံနိုင်ခဲ့သမျှ ဖြစ်လေသည်။

မိမိအကျိုး စိုးစဉ်းမျှမပါမူ၍ တိုင်းပြည်အတွက် သက်သက်ကြိုးပမ်းဆောင်ရွက်ရာဆရာတော်ဦးဥတ္တမသည် အတုယူ နည်းမှီလောက်သော ဘုန်းကြီးတစ်ပါးပင် ဖြစ်ပေသည်။ ဤကဲ့သို့ စိတ်နေသဘောထားမျိုးအကျင့်စာရိတ္တမျိုးရှိသော်လည်း အစိုးရအပြစ်ဒဏ်ကို ရရာရကြောင်း လမ်းတစ်ခုသဖွယ်ဖြစ်ရခြင်းသည် ကျွန်ုပ်တို့မကောင်းကံကြမ္မာ ဖန်တီးခြင်းပင် ဖြစ်ချေသည်။ 

သို့ရာတွင် ဤကဲ့သို့ဆင်းရဲဒုက္ခနှင့် ခေတ္တခဏ ကြုံကြိုက်ရခြင်းသည် ဝမ်းနည်ဖွယ်မဟုတ်။ ကျွန်ုပ်တို့များစွာ လိုလားတောင့်တအပ်သော လွတ်လပ်ရေးတည်းဟူသော ဆုလာဘ်ကြီးကို သာ၍ပင် နီးကပ်ရာနီးကပ်ကြောင်းအားတတ်ဖွယ်နိမိတ်ကောင်းများပင် ဖြစ်သည်ဟု ယူဆရန် သင့်ပေသည်” ၎င်းနောက် ၁၀-ကြိမ်မြောက် ဂျီ၊ စီ၊ ဘီ၊ အေ ကွန်ဖရင့်ကို သရက်မြို့ကျင်းပသည့် ထိုအချိန်တွင် ကွဲစပြုလာသည်။ “ဒိုင်” နှင့် “ဟုံး” သည် ထိုကွန်ဖရင့်တွင် အပြတ်အသတ်ပင် ကွဲကြတော့သည်။ 

၁၂၈၄-ခုနှစ်၊ တန်တောင်မုန်းလဆုတ် ၆- ၇- ၈ ရက်နေ့များ  ကျင်းပခဲ့သည်။ 

သံဃသ မဂ္ဂီအဖွဲ့ချုပ်ဥက္ကဌဗားမဲ့ဆရာတော်သည်လည်း ထိုကွန်ဖရင့်သို့ ကြွရောက်၍အားပေး

အစည်းအဝေးတွင် ဦးဥတ္တမကိုယ်တော်တိုင် ကြွရောက်ပါလိမ့်မည်ဟု ဥက္ကဌ ဦးချစ်လှိုင် လက်မှတ်နှင့် ဖိတ်စာကိုဝေငှ၍ ထောင်ကျစဉ်အခါကစ၍ ဖွင့်လှစ်ကောက်ခံခဲ့သော ဦးဥတ္တမအတွက် ရန်ပုံငွေမှာ တိုင်းပြည်က စေတနာ ထက်သန်စွာဖြင့်ပင် ထည့်ဝင်လှူဒါန်းရရှိသဖြင့် ဆရာတော်ဦးဥတ္တမအား လက်လွဲပေးအပ်ဖို့ ဆုံးဖြတ်ကြသည်။

ဦးချစ်လှိုင်နှင့် ဦးဥတ္တမ

ဥက္ကဌအဖြစ်ဖြင့် ဆောင်ရွက်သော ဦးချစ်လှိုင်၏ မိန့်ခွန်းစကားတွင် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကို 
 အောက်ပါအတိုင်းမြွတ်ဆိုခဲ့သည်။

ယခု ကျွန်ုပ်တို့အလယ်သို့ အရှင်ဦးဥတ္တမကိုယ်တော်ကြီး ကိုယ်တိုင်ကြွရောက်ရပ်တော်မူလျှင် ရှိခဲ့လေပြီး။ 

 ထိုအရှင်သည် အတ္တဟိတ တည်းဟူသော ကိုယ်ကျိုးစီးပွားကို တံထွေးပေါက်ကဲ့သို့ 
 မှတ်ထင်စွန့်ပစ်တော်မူပြီးမှ မရိဟိတတည်းဟူသော ပြည်သူအမျိုးသားအရေးကိုတွေး၍ စိမ့်စိမ့်ခြိ့်ခြိမ့် 
 လှုံ့ဆော် ဆောင်ရွက်မူခြင်းကြောင့် မွန်မြန်မာအမျိုးသားတို့၏ စိတ်နေအာသီသသည်ကား ရှေးကနှင့်မတူ 
 အမူပြောင်းရွှေ့ ရှေ့ရေးတွင်သာ ပဒုမ္မာကြာလွှာဝတ်မှုံတို့သည် နေအာရုဏ်တန်ခိုးဖြင့် ပွင့်ဖြို့သန်စွမ်း 
 လန်းလန်းစွင့်စွင့်ရှိသည့် အမူအရာ ဆင့်ကာဆင့်ကာ သာ၍ပင် လျင်လျင် ကွန့်မြူးခြင်းရှိလေသည်။

ထိုအရှင်ဦးဥတ္တမ၏ ထောင်ဒါဏ်အကျဉ်းခံခြင်းတည်ဟူသော ဒုက္ခစရိယာကြောင့် 
 အမျိုးသားကြီးပွားချမ်းသာရေးလုပ်ငန်းသည် လျှမ်းသည်ထက်လျှမ်း ကျန်းကျန်းခိုင်မာလျက် ဆောလျင်မကြာ 
 အောင်ရမည့်အခြေဟု သူသူငါငါတို့က အားကျမခံစိတ်မာန်တတ်ကြွရှိလာကြလေပြီ။

ဆရာတော်သည် ဤသို့လျှင်တတိုင်းပြည်လုံး၏ ဥက္ကဌနာယက တို့က လေးစားသမှု ဂရုပြုအားကိုးခြင်း 
 ခံခဲ့ကြရလေသည်။

ဂျူပလီဟော၌ ပြောခဲ့ပြီးနောက် ဆရာတော်ဦးဥတ္တမသည် မန္တလေးမြို့မှပင့်ဆောင်၍ ကြွတော်မူသည်။ 

 ဝါခေါင်လဆန်း -ရက်နေ့ မန္တလေးမြို့အိမ်တော်ရာ ဘုရားတွင်း ခန်းဇရပ်တွင် အိန္ဒိယ ကွန်ဂရက်အသင်း၊ 
 မူဆလင် ခီလာဖက်အသင်း၊ တရုတ်ဗုဒဘာသာအသင်းနှင့် ရဟန်းပရိသတ်။ 

 လူပရိသတ်တို့က 
 သြဘာစာဖတ်ကြားခြင်းကို ခံယူပြီးလျင် ပြန်လည်ပြောကြားသော မိန့်ခွန်းစကားမှ ထုတ်နုတ်ချက်မှာ 
 အောက်ပါအတိုင်းဖြစ်၏။

ရဟန်းတော်အရှင်မြတ်များနှင့် ဒါယကာ၊ ဒါယကာမအပေါင်းတို့၊ ဆရာတော်သည်မန္တလေးမြို့သို့ 
 ဝါခေါင်လဆန်း -ရက်နေ့တွင် ရောက်လာစဉ်က မြို့ကြီးသူမြို့ကြီးသားနှင့် သာကီနွယ်ဝင်အရှင်ရဟုန်းတို့ပါ 
 မကြုံစဖူးအထူးတလည် ခရီဦးကြိုဆိုကြသည်ကို ပြန်၍ဆပ်ရန် မကုန်နိုင်လောက်အောင် 
 ကျေးဇူးကြီးလှပါသည်။

ရန်ကုန်မြို့ကထွက်လာစဉ်က ဤကဲ့သို့ ပြိုင်ဘက်မရှိလောက်သော သဒ္ဒါတရားမျိုးဖြင့် သမိမြန်မာပြည်ကြီး၏ 
 ရှေ့ဟောင်းရာဇဌာနေမင်းနေပြည်တော်မှ မရေတွက်နိုင်သော ပြည်သူတို့သည် 
 စရိတ်ကြေးငွေအမြောက်အမြား အကုန်အကျခံလျှင် ယခုလောက် ဒုက္ခများစွာ ရောက်ရမည်ကို စိတ်ကူးမျှ 
 မထည့်မိပါကြောင်း။

ယခုကြွရောက်လာသော မင်းပရိသတ်တို့တွင် မင်းဆွေးမျိုးရိုးလူမျိုးဆက်နွယ်ဟောင်းတို့၏ သားမြေးများ 
 ပါဝင်ကြလိမ့်မည်ဖြစ်ပါကြောင်း။

ဦးပဉ္ဖင်းသည်လည်း ရန်ကန်မြို့အနီး ကမာရွတ်၌ ထင်ရှားကျော်ဇောသော စစ်သူကြီး -ဦးတို့၏ 
 ခံတပ်တည်ရာ တပ်ကုန်းဟူသော အမည်ဟောင်းနေရာတွင် တည်ဆောက်ထားသော ကျောင်းတွင်းမှ 
 လာရောက်ရပါသည်။

  ၎င်းခံတပ်ဟောင်းနေရာတွင် ခံတပ်ရင်တား အဟောင်းအမြင်းတို့၏ အစအနများ 
 ဘာမျှမရှိတော့ဘဲ ရဟန်းကျောင်းသာ ရှိနေပါ၍ ထိုသူရသတ္တိနှင့် ပြည့်စုံသော စစ်သူကြီးဟောင်းတို့၏ 
 တည်ရာဌာနတို့နှင့် သူရဲကောင်း သတ္တိကောင်းတို့သည်လည်း ၎င်းခံတပ်တို့နှင့်အတူ မြန်မာလူမျိုးတို့၏ 
 စိတ်တွင်ကင်းရှင်းပျောက်ကွယ်သွားပါကြောင်း။

ယနေ့တွင် မြန်မာတို့အား မိမိအရေးအရာတို့ကို ကိုယ်တိုင် စီမံခန့်ခွဲရန် မသင့်လျော်သေးသော လူမျိုးညံ့ဟု 
 အမှတ်ပြုထားပါသဖြင့် အမျိုးပျက်ပြီးလာသော မြို့သူမြို့သားတို့သည် ရှိုက်ကြီးတငင် ငိုယိုရန်သာ 
 ရှိတော့ပါကြောင်း။ 

 ထိုသို့ ငိုယိုသံကို မိမိတို့နားများမှ မပြတ်ပင်ကြားရဖန်များ၍ မိမိကိုယ်တိုင်ပင် 
 စွပ်စွဲကြသည့်အတိုင်း မသင့်မြတ်သော လူမျိုးညံ့ပင် ဖြစ်တန်ရာသည်ဟု ထင်မှတ်စ ပြုလာကြပါကြောင်း။ 

 လောကဓာတ်ပညာတွင် စိတ်ညို့သော အတတ်တစ်ခုရှိသည်ဟု ကြားဖူးပါသည်။ 

 ၎င်းစိတ်ညို့သော 
 အတတ်ဖြင့် လိုရာကို အကြိမ်းပေါင်းများစွာ ကြားနာနေရသောအခါ မိမိတို့ အတိတ်အရေးကို 
 မေ့လျော့လျှောက်သွားပါကြောင်း။ မြန်မာလူမျိုးတို့အားမသင့်လျော် မလျောက်ပတ်သေးဟု အခေါ်ခံရပြီး 
 ပညာဗဟုသုတမရှိဟု ဆိုကြလေပြီ။ 

 ဘုန်းတော်ကြီးများသြဇာကိုသာ အရာရာမှာခံယူသည်ဟု 
 ကဲ့ရဲ့ကြလေပြီး။

 ရိုင်းစိုင်းသည်ဟု ပြောကြားကြလေပြီ။ စိတ်ညှို့သော ပညာမျိုးဖြင့် ၎င်းတို့ဆိုသမျှသည် 
 အမှန်သာဖြစ်သည်ဟု ထင်မှတ်စပြုလာကြပါကြောင်း။

ထပ်မံ၍ပြောရန်မှာ မြန်မာလူမျိုးဖြစ်နေကြောင်းကို မေ့လျော့စေ၍ ဘယ်အခါမှ တဖန်ပြန်မရနိုင်သော 
 ဘိုးဘွားမိဘတို့ ခံစားခဲ့ကြသော စည်းစိမ်ချမ်းသာနှင့် ကြွဝယ်ပေါများခြင်းတို့ကို မမှန်းဆတတ်ကြလေပြီ။ 

ဘိုးဘွား မိဘတို့ ပိုင်ဆိုင်ခံစားခဲ့ကြသော မြင့်မြတ်ကြီးမားသော လောကီ လောကုတ္တရာ အတတ်ပညာတို့ကို 
 သင်ကြားနိုင်စွမ်းသည် ဟူသမျှတို့ကိုလည်း ဆုံးရှုံးကြရာလေပြီး ဖြစ်ပါကြောင်း။


မြန်မာ့ဦးစီးခေါင်းဆောင်များ

 “စာသင်ကျောင်းတို့၌၎င်း၊ အင်္ဂလိပ်တို့ရေးသားသော သတင်းစာတို့၌၎င်း၊ ကျွန်စိတ်ရောက်နေသော 
 မြန်မာသတင်းစာတို့၌ မြန်မာဘုရင်တို့ အား ရိုင်းစိုင်းရက်စက်သည်ဟု ပြောဆိုကြသည်တို့ကို 
နေ့စဉ်ပင်ကြားရစေကာမူ ကြမ်းကြုတ်ရက်စက်ကြောင်း စံနမူနာအနည်းငယ်ရှိမည် ဖြစ်သော်လည်း 
မုချသိကြရသည်မှာ အများဆုံးသော မြန်မာမင်ဧကရာဇ်တို့သည် ပုထုစဉ်ဖြစ်ကြသည့်အတိုင်း 
မှားယွင်းပါသော်လည်း မြန်မာလူမျိုးရင်းမှ ပေါက်ဖွားလျှက် မြန်မာတို့အလယ်တွင် ကြီးပြင်းရ၍ 
မည်မျှလောက်မှားယွင်းချွတ်ချော်စေကာမူ မြန်မာမျိုးရိုး ဇာတိဖြစ်ပြီးလျှင် မြန်မာတို့အကြောင်းကို 
ကောင်းစွာ သိကျွမ်းနားလည်ကြပါကြောင်း ထိုဘုရင်တို့ လက်အောက်တွင် မြန်မာလူမျိုးတို့သည် 
ကြီးမားသော ဦးစီးခေါင်းဆောင်တို့ဖြစ်ပါသည်။ မြန်မာလူမျိုးတို့အား မာန်တတ်ကြွစေလျက် 
အကြံအဥာဏ်ကောင်းစေသည်။

ထိုမင်းတို့လက်အောက်တွင် မြန်မာလူမျိုးတို့သည် မှူးကြီးမတ်ရာ သေနာပတိဖြစ်ကြပါသည်။ 

မြန်မာတို့သည် စစ်ဘုရင်စစ်သူကြီးများ ဖြစ်ကြပါသည်။ 

အထွဋ်အထိပ်ဆုံးမှာ မြန်မာတို့သည် တထီးတနန်းစံ လုံးဝလွတ်လပ်ခြင်းအင်ဒီပင်းဒင့်ကို ရကြပါသည်။ 

မြန်မာတို့မှာ မိမိတို့ပိုင် စွမ်းရည်သတ္တိ ရှိကြသည့်အတိုင်း မြန်မာဘုရင်တို့လက်အောက်တွင် မြန်မာတို့သည် ယခုနေရသည်ထက်သာ၍ လူချင်းတူသောအဖြစ်ကို ရကြပါကြောင်း။ 

ယနေ့မြန်မာတို့ ဖြစ်ပျက်ရပုံကား လူမျိုးကွဲဗြူရိုကရက်တို့ လက်အောက်တွင် အလုံးစုံ ကျွန်ဖြစ်လျက်နေပါ၍ 
မြန်မာတို့သည် လူမျိုးဖြစ်ရသော စွမ်းရည်သတ္တိမှ ကွယ်ပျောက်နေသောကြောင့် စစ်သူကြီးများ 
ဖြစ်လာနိုင်ရန် မထင်မြင်နိုင်လေတော့ပြီ။ 

မြန်မာတို့၏ ရာဇဌါနေ မင်းနေပြည်တော်ဖြစ်သော ရွှေမြို့တော်ကြီးပင်လျှင် ယခုအခါ တံလျှပ်သဘွယ် မြို့မမယ်ကလေး ဖြစ်၍နေပေသည်။

“လွန်လေပြီးသော ရှေ့ဟောင်းနောက်ဖြစ်တို့ကို အသစ်ပြန်၍ မတွေးတောလိုဘဲ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသော ကံကြမ္မာတို့၏ အကြောင်းကို ယုံကြည်ကြသည့်အတိုင်း လူမျိုးတမျိုးမှာလည်း ထိခိုက်ပါလိမ့်မည်။

ဝမ်းနည်းဖွယ်အတတ်အရေးကို မေ့ပျောက်စေကြပြီးလျှင် အနာဂါတ်အရေးနှင့် သားစဉ် မြေးတက်တို့ကို ချီးမြှင့်ထောက်ပံ့ကြရန် သားချင်း ရင်းချာကဲ့သို့ မြန်မာတို့ စည်းလုံးပေါင်းသင်းကြရပါမည်။

အုပ်စိုးသူ အင်္ဂလိပ်တို့အားလည်း ညီသားအစ်ကိုကဲ့သို့ ထင်မှတ်ကြပြီးလျှင် ၎င်းတို့၏ ပူးပေါင်းဆက်ဆံခြင်းနှင့် သနားခြင်းတို့ကို မရနိုင်စေကာမူ မြန်မာတို့မှာ ကျွန်စိတ်ရောက်နေခဲ့မိ၍ ၎င်းတို့ရရှိနေသော လျစ်လျူမလေးစား မထီမဲ့မြင်ပြုခြင်း တို့ကိုမူ ချိုးဖဲ့ဖျက်ဆီးရတော့မည် ဖြစ်ပါကြောင်း။

“တလောကလုံးမှ အင်္ဂလိပ်လူမျိုးတို့သည် အတိတ်ကာလတို့၌ လွတ်လပ်ရေးကို လိုလားသည်ဟု 
ဝင့်ဝါခဲ့ကြသည်။ အင်္ဂလန်နိုင်ငံသည် ထကြွသောင်းကျန်းသော လူမျိုးကွဲအားလုံး၏ မှီခိုရာဒေသဖြစ်ခဲ့ပါ၍ 
လောလောဆယ်ဆယ်မှာ လက်ရနိုင်ငံကိုလိုလားသော လှိုင်းတံပိုးတို့က အင်္ဂလန်၏ ဂုတ်သွေးကိုပင် 
ပြန်လှန်စုတ်သောက်၍ နေလေရကား မြန်မာတို့က မရပ်မနားအေးချမ်းစွာ မိမိတို့ပိုင်ဆိုင်သည်တို့ကို 
ပြန်၍ရနိုင်ရန် အားထုတ်ခြင်း အားဖြင့် အင်္ဂလန်၏ ရှေ့စိတ်ထားဟောင်း ပြန်၍ပေါ်လာရန် ပြုစုကြပါလျှင် 
၎င်းတို့နှစ်သက်လာသော လွတ်လပ်ရေးနှင့် မေတ္တာသည် မုချပေါ်ထွက်လာရမည် မှန်ပါကြောင်း။ 

မြန်မာပြည်၏ကံကြမ္မာအတွက် ပူဆွေး ဝမ်းနည်းမိပါသော်လည်း ဘုရား၏သားတော်ရဟန်ဖြစ်သည့်အတိုင်း 
အတိတ်မှဖြစ်ခဲ့သည်တို့ကို ပြင်ဆင်ရန်နှင့် တခါတည်းဖျောက်ဖျက်ရန်ရှိသည်ဟု ယုံကြည်မိပါ၍ 
အတိတ်ကအကြောင်းတို့ကို အပြစ်မတင်လိုဘဲ လက်ရှိပစ္စုပန် အခြေအနေကိုပင် အလုံးစုံလိုက်စားလျက် 
ဝမ်းမြောက်ပြီးလျှင် မြတ်စွာဘုရား၏ စိတ်တော်မျိုးကို အာရုံပြုကာ သာ၍မြင့်မြတ်သောဘဝကို ရကြရန် 
ဂုဏ်အသရေမနိမ့်ကျသော အခြေအနေကိုရကြရန် မှန်ကန်ရာကိုသာ မြင်တတ်၍ 
စိတ်ဆန္ဒထက်သန်ပြီးလျှင် နောက်ဆုံး၌ လိုရာကိုရကြရန် ဘုရားမြတ်စွာ၏ သြဝါဒကို လိုက်နာကြပါမူ 
လိုရာဆိပ်ကမ်းသို့ မနှောင်းနှေးရဘဲ လျင်မြတ်စွာဆိုက်ရောက်နိုင်ပြီးလျှင် ဟုမ္မရှူးကို မကြားမီအတွင်း 
အောင်မြင်နိုင်ပါကြောင်း။

ဦးပဉ္ဖင်းကို ချီးကျူးကြသည့်အတွက် ကျေးဇူးတင်ပါ၏။ 

ဦးပဉ္ဖင်းဆောင်ရွက်သည်ကို နှစ်သက်ကြသည်ကား ဦးပဉ္ဖင်းတွင် တစုံတရာ အဖိုးတန်ရှိ၍မဟုတ်ပါ။ 

မြန်မာတို့က စုံမက်လလျှက်ရှိသည်ကို သိပါကြောင်း။ 

မြန်မာတို့နိုးကြားခြင်းသည် လောကကြီး၏ ပယောဂအခြေသာလျှင် အကြောင်းရင်ခံ၍ ထိုသို့နိုးကြားရာမှ 
ဦးပဉ္ဖင်းက တနည်းအဖုံ နိုးဆော်ရာ ကျရောက်နေပါလျှင် ဦးပဉ္ဖင်းမှာ ကျေနပ်ပြီးဖြစ်ကြောင်း။ 

အို ပရိသတ်အပေါင်းတို့ အမိမြန်မာပြည်သည် အမျိုးသားတို့၏ အားထုတ်ခြင်းကို စောင့်ဆိုင်းလျက်နှင့် 
ကာယကံမြောက်မပြုစုကြပါ၍ ဖျော့တော့နေရှာပါသည်။ 

တချို့သောမန္တလေးသဟာယတို့က ဦးပဉ္ဖင်းကို ပြောကြသည်မှာ အနန္တ တန်ခိုးနှင့်ပြည့်စုံသော 
ဗြူရိုကရက်တို့ကို မည်ကဲ့သို့ စစ်ခုခံမည်နည်း။

၎င်းတို့၏သြဇာကို စည်းကမ်း သတ်မှတ်ပေးမည်သို့ဖြေရှင်းမည်နည်းဟူ၍၎င်း၊ ဗြူရိုကရက်တို့၏ ဆန္ဒကို 
တရားသဖြင့်ခုခံနေကြပါသော ကျေးလက်တို့ကို ရမ်းကားစွာ အဓမ္မဖိနှိပ်ကြောင်းကို၎င်းပြောကြရာ 
၎င်းတို့သည်သိမ်ငယ်သော အနှောင့်အယှက်မျှသာဖြစ်ပြီး သက်ဦးဆံပိုင် အာဏာရှင်ကို 
လူတစ်တယောက်လောက်သာ နိုးကြားရုံနှင့်ခုခံတော်လှန်၍မဖြစ်နိုင်သည့်တိုင်း မြန်မာတမျိုးသားလုံး 
နိုးကြားလာသောနိမိတ်လက္ခဏာကို ထိုမိတ်ဆွေတို့သည် မြင်ကြဟန် မတူကြပါကြောင်း။